ပံ့ပိုးကူညီသူများ
သင့်မိတ်ဆွေ (သို့) လုပ်ဖေါ်ကိုင်ဖက်တစ်စုံတစ်ယောက် ထောင်ကျသွားလျင် သင့်ကို မည်ကဲ့သို့အကျိုး သက်ရောက်မှုရှိမည်နည်း။ ပံ့ပိုးကူညီမှု၊ စောင့်ရှောက်မှုနှင့် မိမိကိုယ်ကို ဂရုစိုက်မှုတို့ကို မည်ကဲ့သို့ညီမျှအောင် လုပ်ဆောင်မည်နည်း။ ဖမ်းဆီးထိန်းသိမ်းထားခြင်းသည် သင့်အား အရေးအခင်းနှင့်ပတ်သက်သောအလုပ်နှင့် သို့မဟုတ် နေ့စဥ်လိုအပ်မှုရှိနေသော မိသားစုကို ကူညီပံ့ပိုးပေးသည့် အခြေအနေကို ဖန်တီးပေးသော်လည်း၊ မိမိကိုယ်ကို ဂရုစိုက်မှုအတွက် အားစိုက်ရန်လည်း လိုအပ်ပါသည်။
ယခင်ကဤကဲ့သို့အခြေအနေလိုမျိုးတွင် အရေးအခင်းကာလ စီမံခန့်ခွဲမှုနှင့် မိသားစုများကို ကူညီပံ့ပိုးခဲ့သူများ၏ အတွေ့အကြုံများ၊ အကြံဉာဏ်များနှင့် အဓိကအချက်များကို ဤကဏ္ဍတွင်ရေးထားပါတယ်။ တချို့သောသူများသည် အရေးအခင်းကာလ စီမံခန့်ခွဲမှုနှင့် လူ့အခွင့်အရေးလုပ်ငန်းများကို ပရော်ဖက်ရှင်နယ်ဆန်ဆန် လုပ်ဆောင်ခဲ့ဖူးသောနောက်ခံ ရှိသူများဖြစ်ပြီး၊ တစ်ချို့မှာ နောက်ခံမရှိပါ။ မိသားစုဝင်များသည်လည်း သူတို့အတွက် အကူအညီဖြစ်စေခဲ့သည့် ကူညီပံ့ပိုးမှုများကို အလေးပေးဖြည့်စွက်ထားပါသည်။
မည့်သည့်အကြောင်းအရာက အကူအညီဖြစ်စေပြီး စွမ်းဆောင်ရည်မြှင့်တင်နိုင်ကြောင်းနှင့် မည့်သည့်အကြောင်းအရာအား ဖယ်ထုတ်ရမည်ကိုရွေးချယ်ရန်မှာ စာဖတ်သူ အပေါ်တွင်သာ မူတည်ပါသည်။ မိသားစုအတွေ့အကြုံများသည် သူတို့၏ရှုထောင့်မှတစ်ဆင့် ကြည့်ပြီး သင်အကူအညီပေးမှုအပေါ်တွင် ဆင်ခြင်သုံးသပ်နိုင်ရန်အတွက် ပေးအပ်ထားပါသည်။