အကျဉ်းသားများ
လူအခွင့်အရေးတက်ကြွလုပ်ရှားသူ (သို့မဟုတ်) ဂျာနယ်လစ်တစ်ယောက် အနေနှင့် သင့်အနေဖြင့် ဖမ်းဆီးထောင်ချခံရနိုင်သည့် အခြေအနေကို ကြိုတင်သတိပြုသင့်ပါသည်။ ဖမ်းဆီးထောင်ချခံရနိုင်ခြေအတွက်ကြို တင်ပြင်ဆင်ခြင်းသည် စိတ်တိုဒေါသဖြစ်နိုင်စရာ ကောင်းနိုင်ပါသည်။ ဒီလိုအရာအတွက်ဘယ်လိုပြင်ဆင်နိုင်သလဲ။ ဒီလိုအရာတွေအတွက်ဆိုရင် တော့သင့်အနေနှင့်စိတ်ဓာတ် ကြံ့ခိုင်လာအောင်တည်ဆောင်ခြင်း၊နေ့စဉ်ဘဝတွင် ကျန်းမာရေးအလေ့အကျင့်ကောင်းများ ကျင့်သုံးခြင်းဖြင့် ကြိုတင် ပြင်ဆင်နိုင်ပါသည်။
သင့်အနေဖြင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတစ်ယောက် မဟုတ် လျှင်တောင်မှ သင့်၏လူ့ရပိုင်ခွင့်အတွက် ဆောင်ရွက်ခဲ့လျှင်သော်လည်း ကောင်း၊ မည်သည့်ပြစ်မှုကိုမှ မကျူးလွန်ထားလျှင်သော်လည်းကောင်း မတရားသဖြင့် ဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံရနိုင်ပါသည်။
ထောင်သွင်းအကျဉ်းချခံရခြင်းက ကြိုတင်ပြင်ဆင်ဖို့အတွက် အချိန် လုံလောက်မှုမရှိသော်လည်း သင်၏ ဇနီး၊ ခင်ပွန်း၊ အသိမိတ်ဆွေနှင့် ရှေ့နေများကတော့ အကျဉ်းထောင်တွင်း မည်ကဲ့သို့ ကျော်လွှားဖြေရှင်း ဆောင်ရွက်နိုင်မည်လဲဆိုသူကို အကြံဉာဏ်နဲ့နည်းလမ်းများကို ပြင်ဆင် ပေးနိုင်မည် ဖြစ်သည်။
အကျဉ်းချခံရစဉ်တွင်း အကောင်းဆုံး ရင်ဆိုင် ကျော်လွှားနိုင်ရေးအတွက် အတွေ့အကြုံ၊ ဇာတ်လမ်းတွေကို အောက်ပါ စုစည်းထားချက်များတွင် တွေ့မြင်နိုင်သည်။