
မိသားစု
ဤအခန်းသည်မိသားစုများအတွက်ဖြစ်သည်။သင်၏ကိုယ်ပိုင်ဘဝ သာယာမှုကို ထိန်းသိမ်းရန်နှင့် ထိန်းသိမ်းခံ ထားရသည့်မိသား စုဝင်ကို ထောက်ပံ့ကူညီရန်အတွက် အကြံဥာဏ်များ၊ နည်းဗျူဟာ များနှင့် အထောက်အကူပြုသည့် အလေ့အကျင့်များကို ဤအခန်း တွင် သင်တွေ့ရှိနိုင်သည်။
သင့်အနားကလူတစ်ယောက်ကို ဖမ်းဆီးထောင်ချလိုက်ရင် သင့်ဘဝမှာ ဘာဖြစ်သွားမလဲ။ သင်ကိုယ်တိုင်နှင့် ထိုကဲ့သို့သော အခြေအနေမျိုးရှိ အခြားသူများကို သင်မည်သို့ဂရုစိုက် နိုင်မည်နည်း။ အခြားသူများက ဤကဲ့သို့သော အကျပ်အတည်း မျိုးကို မည်သို့ကျော်လွှားနိုင်ခဲ့သနည်း။
ဤရှင်းလင်းချက်များတွင် အခြားသူများအား ထောင်သွင်း အကျဉ်းချခြင်းနှင့် အစိုးရ၏ ဖိနှိပ်မှုများကို ကြုံတွေ့ရ သောစိတ်ဒဏ်ရာများဖြင့် မည်သို့ရင်ဆိုင်ဖြေရှင်းခဲ့ပုံကို အထင်အရှားဖော်ပြထားသည်။ စာရေးသူအားလုံးသည် ဆင်တူသော်လည်း အလွန်ကွဲပြားခြားနားသော အတွေ့အကြုံ များကိုဖြတ်သန်းခဲ့ရသည်။ ယခုအခါ သူတို့သည် အစိုးရ၏ ဖိနှိပ်မှုများကို ရင်ဆိုင်ကြုံတွေ့နေရသူများအား သူတို့၏လေ့လာမှုနှင့် တွေ့ရှိချက်များကို မျှဝေပေးထားခြင်း ဖြစ်သည်။ အကူအညီဖြစ်နိုင်မည့်အရာများကို ယူပြီး သင်နှင့် မသက်ဆိုင်သည့်အရာများကို ချန်ထားခဲ့လိုက်ပါ။
မိမိကိုယ့်ကိုယ် စောင့်ရှောက်ခြင်း
ကိုယ့်ကိုယ်ကို စောင့်ရှောက်မှု၏ နည်းစနစ်များကို ရှာဖွေ လေ့လာပါ။

ကိုယ့်ကိုယ်ကို စောင့်ရှောက်ခြင်း ပုံမှန်လုပ်ရိုးလုပ်စဉ်သစ်များ
ကိုယ့်ကိုယ်ကို ဂရုစိုက်ရန် နည်းလမ်းသစ်များ ရှာဖွေခြင်းက ရှေ့ဆက်လှမ်းနိုင်ရန် နေ့စဉ်အကူအညီများဖြစ်သည်။
စိတ်ပိုင်းဆိုင်ရာ ကူညီမှု
စိတ်ပိုင်းဆိုင်ရာကူညီမှုကိုအများအားဖြင့် မည်သည့်နေရာတွင်ရှာနိုင်မည်နည်း?
အားလပ်ချိန်ယူခြင်း။
H(အရေးအခင်းကာလ) အလုပ်မှ အနားယူခြင်းနှင့် ပတ်သက်၍ မည်ကဲ့သို့ရှိပါသလဲ။ နောက်ထပ်တောင်းဆိုမှုများအတွက် အချိန် နာရီ အချို့ သို့မဟုတ် ရက်အချို့ မရရှိနိုင်ခြင်းမျိုး လား။
အခြားသူများနှင့် ဆက်သွယ်ခြင်း။
သင့်အတွက် စိတ်ပိုင်းရုပ်ပိုင်း မည်သူကူညီနိုင်မလဲ။ ဤအခြေအနေမျိုးတွင် သင်နှင့်အဆင်ပြေသောသူများသည် မည်သူတို့ ဖြစ်သနည်း။
Makiစိတ်ခံစားမှုများအတွက် ထွက်ပေါက်ပေးခြင်း။
သင်၏စိတ်ခံစားမှုများအတွက် သင်မည်သို့ထွက်ပေါက်ပေးနိုင်သနည်း။
ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ခြင်း။
သင့်ခန္ဓာကိုယ်ကို စောင့်ရှောက်ခြင်း။
အခက်အခဲများ
အရေးအခင်းကာလသည် အခက်အခဲနှင့်စိန်ခေါ်ခြင်းများစွာကို ယူဆောင်လာသည်။ ၎င်းတို့သည် အသိအမှတ်ပြုမှု လိုအပ်သည်။
