နောက်ခံအကြောင်းရင်း

ယခု စုဆောင်းထားချက်များမှာ အစိုးရ၏ဖိနှိပ်ခြင်းကို ကိုယ်တိုင် ကိုယ်ကျခံခဲ့ရသူများက ၎င်းတို့၏အတွေ့အကြုံများအပေါ် အခြေခံ၍ ရေးသားထားသည့် လှုံ့ဆော်အားပေးခြင်းနှင့် လမ်းညွှန်မှုများကို စုဆောင်းထားခြင်းဖြစ်သည်။ နိုင်ငံရေးအကျဉ်းသားများ၏ အရေးကို ကူညီထောက်ပံ့ခဲ့သူများ၏ အားဖြည့်ဆောင်ရွက်ချက်များသည်လည်း ယခု စုဆောင်းထားချက်တွင် ပါဝင်ပါသည်။

ခက်ခဲကြမ်းတမ်းသည့် အခြေအနေများကို မည်ကဲ့သို့ဖြေရှင်း ကျော်လွှား ရမည်လဲဆိုသည်နှင့်ပတ်သက်၍ ကျွန်ုပ်တို့၏အတွေ့အကြုံများ၊ အမြင် များကို ဝေမျှခြင်းအားဖြင့် အခြားသူများအနေဖြင့် လှုံ့ဆော်အားပေး မှုများရရှိပြီး အခြားသောသူများကိုလည်း လက်ဆင့်ကမ်း၍ ထပ်မံ ကူညီမှုများ ပြုလုပ်နိုင်မည်ဟု မျှော်လင့်ပါသည်။ မတူကွဲပြားသော တွန်းအားများသည် တစ်ခုနှင့်တစ်ခု  ကွဲလွဲခြားနားနိုင်ပါလိမ့်မည်၊ ၎င်းတို့သည် စာဖတ်သူများ၏ အခြေအနေနှင့် ရာနှုန်းပြည့် ကိုက်ညီချင်မှ ကိုက်ညီနိုင်ပါလိမ့်မယ်။ သင့်အတွက် အသုံးဝင်သောအရာများကို ယူရန်၊ သင့်အတွက် အကူအညီဖြစ်စေမည့် ခံစားချက်များကို ပြောင်းလဲ ခံစားရန်နှင့် သင်၏မဆိုင်သည့်အရာကိုပယ်ရန် တောင်းဆိုပါသည်။

သင်၏ထိုးထွင်းသိမြင်မှု၊ စွမ်းရည်မြှင့်တင်မှုနှင့်ရှင်သန်ရပ်တည်ရေးအတွက် အထောက်အကူပြုသည့် အလေ့အကျင့်များကို လက်ခံရရှိသည့် အတွက် ကျွန်ုပ်တို့အနေဖြင့် ဝမ်းမြောက်မိပါသည်။ သင်၏အမြင်များကို ထိန်းသိမ်းခံရသူများ၊ မိသားစုဝင်များ၊ ရှေ့နေများနှင့် ထောက်ခံသူများ အနေဖြင့် ကြိုဆိုပါသည်။ ကျွန်ုပ်တို့ ဘာတွေအကောင်းဆုံးလုပ်ခဲ့ပြီးပြီလဲ၊ ဘာတွေအကောင်းဆုံးဖြစ်အောင် အထောက်အကူပေးခဲ့ပြီးပြီလဲ စသည်များအပေါ် အာရုံစူးစိုက်ရန် ဖိတ်ခေါ်ပါ သည်။  ထိုကဲ့သို့ပြုလုပ်ခြင်းအားဖြင့် အကျဉ်းထောင်တွင်း ရောက်ရှိ နေသော သူများနှင့် ထောင်ပြင်ပရှိနေသူများ (မိသားစုဝင်များ၊ အသိမိတ်ဆွေများ စသဖြင့်) ခံစားနေရသည့် စိတ်ဖိစီးမှုများ၊ စိတ်ဒဏ်ရာ များနှင့် ဒုက္ခဝေဒနာများအား ကျွန်ုပ်တို့ ထပ်တူခံစားရကြောင်း အသိ အမှတ်ပြုခြင်းဖြစ်ပါသည်။

ဆက်သွယ်ရန် copingwithprison@protonmail.com

မှတ်ချက် - အခန်းအများစုကို မိခင်ဘာသာစကား ပြောကြားသူ မဟုတ် သော စပီကာများက ရေးသားခဲ့သည်။ ထိုးထွင်းသိမြင်မှုများကို ရှာဖွေ ရန်နှင့် ဘာသာစကားကို စိတ်ထဲမထားပါရန် သင့်အား တောင်းဆို ပါသည်။ ယခုစာတမ်းကို ရေးသားသူများမှာ မိခင်ဘာသာစကားပြောဆို သူများမှ ရေးသားထားခြင်း မဟုတ်ပါ။ သို့အတွက်ကြောင့် အရေး အသားပေါ် အဓိကမထားဘဲ ဆိုလိုရင်းအမြင်များအပေါ်ကိုသာ အဓိက ထားကြည့်ရှုလေ့လာရန် ကျွန်ုပ်တို့အ‌နေဖြင့် ပြောကြားလိုပါသည်။

ဤလုပ်ငန်းအား Creative Commons Attribution-NonCommercial-ShareAlike 4.0 International (CC BY-NC-SA 4.0) အောက်တွင် ခွင့်ပြုချက်ထုတ်ပေးထားပါသည်။

ဤလုပ်ငန်းအား အောက်တွင် ခွင့်ပြုချက်ထုတ်ပေးထားပါသည်။
Creative Commons License